မိတ်ဆက်ခြင်း စကားပြော (Introduction Dialogue)
စာအုပ်ပါ ကဲဝို့ (Kaew) နှင့် သန့်ဇင် (Thant Zin) တို့၏ အပြန်အလှန် မိတ်ဆက်စကားပြော။
สวัสดีค่ะ ดิฉันชื่อ แก้ว ค่ะ คุณชื่ออะไรคะ
အသံထွက်: စဝပ်(တ်)ဒီးခ ဒီချန်(န်)ချေး ကဲ့ဝိခ ခူ(န်)ချေးအလိုင်(ယ်)ခ
မင်္ဂလာပါ။ ကျွန်မနာမည် ကဲဝို့ ပါ။ ရှင့်နာမည် ဘယ်လိုခေါ်လဲ။
สวัสดีครับ ผมชื่อ ตั้นสิ่ง ครับ
အသံထွက်: စဝပ်(တ်)ဒီးခပ် ဖုန်း(မ်)ချေး သန့်ဇင် ခပ်(ပ်)
မင်္ဂလာပါခင်ဗျ။ ကျွန်တော်နာမည် သန့်ဇင် ပါ။
ยินดีที่ได้รู้จักค่ะ
အသံထွက်: ယင်(န်)ဒီး ထီ့ ဒိုက်(ယ်) လူးကျက်(က်) ခ
တွေ့ရတာ ဝမ်းသာပါတယ်။
เช่นกันครับ
အသံထွက်: ချင့်(န်)ကန်(န်) ခပ်(ပ်)
အတူတူပါပဲ ခင်ဗျ။
คุณสบายดีไหมคะ
အသံထွက်: ခူ(န်) စဘိုယ်(ယ်)ဒီး မိုက်(ယ်) ခ
မင်း နေကောင်းလား။
สบายดีครับ คุณล่ะครับ
အသံထွက်: စဘိုယ်(ယ်)ဒီးခပ်(ပ်) ခူ(န်) လ ခပ်(ပ်)
နေကောင်းပါတယ်။ မင်းရော။
ดิฉันก็สบายดีค่ะ ไปก่อนนะคะ
အသံထွက်: ဒီချန်(န်) ကော့ စဘိုယ်(ယ်)ဒီး ခ ပိုင်(ယ်) ကော်(န်) န ခ
ကျွန်မလည်း နေကောင်းပါတယ်။ သွားလိုက်ပါဦးမယ်နော်။
ครับ เจอกันนะครับ
အသံထွက်: ခပ်(ပ်) ကျေ ကန်(န်) န ခပ်
ဟုတ်ကဲ့ပါ။ ပြန်တွေ့ပါမယ်နော်။
เจอกันค่ะ
အသံထွက်: ကျေ ကန်(န်) ခ
ပြန်တွေ့ပါမယ်ရှင့်။